အမှာစကား
Last updated
Was this helpful?
Last updated
Was this helpful?
၂၀၂၀ ပြည့်နှစ် ကုန်ဆုံးချိန်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါလှိုင်းတွေရဲ့ အတိုးအဆုတ်၊ အတက်အကျတွေဟာ လူသားတစ်ဦးချင်းစီအတွက် စိုးရိမ်မှုတွေ၊ သက်ပြင်းချသံတွေကို ဆောင်ကျဉ်းလာခဲ့ပါတယ်။ လုံးဝပြီးစီးပြီလို့ မကြွေးကြော်နိုင်သရွေ့ ကပ်ရောဂါနဲ့ အတူယှဉ်တွဲလို့ ဘဝရှင်သန်နေထိုင်မှု ပုံစံသစ်တွေကို အလေးအနက်ထား စဉ်းစားကြရမှာပါ။
မြန်မာနိုင်ငံလို ဒီမိုကရေစီအသွင်ကူးပြောင်းမှု လမ်းကြောင်းပေါ်က ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု အတွက်တော့ ကိုဗစ် - ၁၉ ရဲ့ ရိုက်ခတ်မှုဟာ ပိုကြီးမားတဲ့ သက်ရောက်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းက လူဦးရေ ၅၄ သန်းရဲ့ ဘဝတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဘဝအရည်အသွေးကို ရရှိကြဖို့ ပါဝင်ကြိုးပမ်းနေတဲ့ ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းတွေဟာလည်း ယခင်ကထက် လူမှုကွန်ရက်ကို အသုံးပြုပြီး သက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ ပြည်သူပြည်သားတွေကို ဆက်သွယ်နိုင်ဖို့ မဖြစ်မနေ ကြိုးပမ်းကြရပါတော့တယ်။
နည်းပညာထွန်းကားမှု နောက်ကျကျန်ရစ်ခဲ့တဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာတောင် လူအများစုက လူမှုကွန်ရက်တွေကို သူတို့ရဲ့နေ့စဉ်ဘဝမှာ သုံးစွဲနေကြတာကို တွေ့ကြရပါတယ်။ ဒါပေမယ့် အဲသလို နေ့စဉ်သုံးစွဲနေသူတွေကို ဆက်သွယ်နိုင်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက လူမှုကွန်ရက်ကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့ဆိုရင် ထည့်သွင်းစဉ်းစားရမှာလေးတွေတော့ ရှိပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံက ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတွေ လူမှုကွန်ရက်သုံးပြီး သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ လူ့အသိုင်းအဝိုင်းတွေဆီ ထိထိရောက်ရောက် ဆက်သွယ်နိုင်ဖို့အတွက် ဒီလက်စွဲငယ်ကို ပြုစုမျှဝေရတာ ဖြစ်ပါတယ်။ ဒီလက်စွဲငယ်ကို အသုံးပြုခြင်းအားဖြင့် မိမိတို့ အရပ်ဘက်အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်တွေကို ပေါက်မြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေလို့ မျှော်လင့်ပါတယ်။
လက်စွဲငယ်ကို ပြုစုမျှဝေဖို့အတွက် နဲ့ ရဲ့ အကူအညီမပါရင် မဖြစ်နိုင်တာမို့ အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါတယ်။