> For the complete documentation index, see [llms.txt](https://pandita.gitbook.io/survival-manual/llms.txt). Markdown versions of documentation pages are available by appending `.md` to page URLs; this page is available as [Markdown](https://pandita.gitbook.io/survival-manual/master.md).

# အမှာစာ

ဒီအပိုင်းမှာ ရေးထားတာတွေက ဒီ App ကို ဘယ်လိုသုံးရမလဲဆိုတာနဲ့ ပတ်သက်တဲ့အချက်အလက်တွေ ရေးထားတာ ဖြစ်ပါတယ်။ တကယ့်တကယ် သေရေးရှင်ရေး အခြေအနေကို ရောက်နေပြီဆိုရင် ဒီအပိုင်းမှာ လေကြောရှည်ထားတာတွေကို ဖတ်မနေဘဲ ကိုယ့်အတွက် တကယ်အရေးတကြီး လိုအပ်နေတဲ့ အခက်အခဲတွေ့နေတဲ့ အပိုင်းကို ကျော်ဖတ်ပါ။

ဒီ App ဟာ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေမှာ သင့်ကို လမ်းပြကူညီနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါပေမယ့် (သာမန်အချိန်တွေမှာလည်း) အိမ်အပြင်ဘက် ထွက်ပြီး ပျော်ပျော်ရွှင်ရွှင် လေ့လာသင်ယူနိုင်ဖို့လည်း အသုံးဝင်ပါတယ်။ ဖြစ်လာနိုင်တဲ့ သေရေးရှင်ရေး အခြေအနေတွေမှာ အရေးတကြီး တတ်မြောက်ထားရမယ့် စွမ်းရည်တွေကို အသုံးချနိုင်ဖို့ကတော့ ပျော်စရာကောင်းတဲ့အပိုင်း ဖြစ်မှာပါ။ ဖတ်တာက တစ်ပိုင်း၊ လက်တွေ့လုပ်ကိုင်ကြည့်ပြီး နားလည်ဖို့က ပိုအရေးကြီးတဲ့ အပိုင်းပါ။&#x20;

ဒီ App မှာ ပါတဲ့အချက်အလက်တွေအတွက် အက်ဖ်အမ် ၃-၀၅.၇၀ ကွင်းဆင်းလက်စွဲကို အခြေခံထားပါတယ်။ အဲဒါကို \[ဒီလင့်ခ်] မှာ ဝီကီအဖြစ် စုစည်းထားပြီး အချက်အလက်တွေကို ပိုမိုကောင်းမွန်ပြည့်စုံအောင် လွယ်လွယ်ကူကူ ပြင်ဆင်နိုင်ပြီပဲ ဖြစ်ပါတယ်။ ပြောချင်တာက ကဏ္ဍတစ်ခုကို ပိုကောင်းစေချင်ရင်၊ တခုခု ပါဝင်သင့်လျက်သားနဲ့ ကျန်ခဲ့တာမျိုး တွေ့ရရင် ရေးသားပြုစုရေးအဖွဲ့မှာ ပါဝင်လို့ ရပါတယ်။&#x20;

တကယ်လို့ သင်က ပုံဆွဲတတ်တယ်ပဲ ဆိုပါစို့။ ကျွန်တော် အခုထပ်ဖြည့်ထားတဲ့ ကဏ္ဍတွေမှာ ဘယ်လိုပုံမျိုးဆွဲထည့်ရမလဲ မသိတာလေးတွေ ရှိတယ်။ ဥပမာ လျှပ်စစ်စွမ်းအားနဲ့ ပတ်သက်တဲ့ကဏ္ဍမှာ လေအား၊ ရေအား လျှပ်စစ်ထုတ်ယူပုံတွေအတွက် ပုံဆွဲဖို့ လိုနေပါတယ်။ ပုံတွေက အရွယ်အစားသေးဖို့ အရေးကြီးပါတယ်။ အကောင်းဆုံးကတော့ အဖြူအမည်းနဲ့ ဆွဲထားတဲ့ Vector ပုံတွေက ဒီ app မှာ သုံးဖို့ ပိုအဆင်ပြေပါတယ်။&#x20;

ဖုန်းထဲမှာ နေရာလွတ်ရဖို့ဆိုပြီး သေရေးရှင်ရေး app ကို ဖြုတ်ချမသွားအောင် ဖိုင်အရွယ်အစား သေးဖို့လိုပါတယ်။ (ခဏပဲ ဖြုတ်တာပါ ဆိုဦးတော့ ပြီးရင် မေ့သွားကြတာပါပဲ။) ဒီ app ကို တပ်ဆင်ထားမိလို့ စိုးရိမ်မကင်း ဖြစ်စရာမလိုတော့အောင်လို့ ဒီ App က မီဂါဘိုက်တ် ဂဏန်းတစ်လုံးထက် ပိုပြီးမကြီးဖို့ လိုပါတယ်။ ရေးသားပြုစုထားတဲ့ အချက်အလက်တွေကိုရော app ကိုပါ အသစ်ပြင်ဆင်ရေးဆွဲထားတာတွေ ရှိပါတယ်၊ ဒါကြောင့် အသစ်ရေးဆွဲထားတာတွေကို ဦးဦးဖျားဖျား စမ်းသုံးကြည့်ပြီး ဘယ်လို တွေ့ကြုံရတယ်ဆိုတဲ့ မှတ်ချက်တွေပေးဖို့ BetaTesters မှာ ပါဝင်ပေးကြပါ။ ဒီ app မှာ ဒါတွေကို သုံးထားပါတယ်၊။

* ကျစ်လျစ်ဖို့နဲ့ဒီဇိုင်းတို့အတွက် android-support-libraries&#x20;
* ဘာသာစကားမှာ Kotlin&#x20;
* storing preferences တွေအတွက် KotPref&#x20;
* markdown အတွက် TxtMark&#x20;
* ပုံတွေကို ထိလို့ ချဲ့လို့ရအောင် TouchImageView&#x20;
* snacks လေးတွေ လုပ်လို့ရအောင် SnackEngage

ဒီ App ကို GPLv3 လိုင်စင်အောက်မှာ အခမဲ့ လွတ်လွတ်လပ်လပ် သုံးနိုင်ပါတယ်။ source-code ကို \[github] မှာကြည့်ပါ။ Pull-Request တွေကို ကြိုဆိုလျက်ပါ။ ကြီးကြီးမားမား ပြင်ဆင်ချင်ရင် ကျွန်တော့်ကို ဆက်သွယ်ပါ။ အားအင်စိုက်ထုတ်ထားသမျှ အလဟဿ မဖြစ်စေချင်လို့ပါ။

လူတွေ အမေးများတာက - ဘာသာပြန်ကိစ္စပါပဲ။ အစီအစဉ်ရှိပေမယ့် တကယ့်လက်တွေ့မှာ ခက်ခဲပါတယ်။ အဲဒီအကြောင်း \[ဒီမှာ] ဖတ်ပေးပါ။ ဘာသာပြန်တာနဲ့ ပတ်သက်လို့ (တချို့ကဏ္ဍတွေကို ရေးသားတဲ့အပိုင်းရယ်၊ app ဘာသာပြန်မှု အပိုင်းတွေမှာ) မကြာခင် တစ်စိတ်တစ်ပိုင်း ကူညီပံ့ပိုးမယ်လို့ ပြောခဲ့ဖူးပြီး ဘာသာပြန်မယ့်သူတွေလည်း အသင့်ရှိနေကြပါတယ်။ (အဲဒီအတွက် ကျေးဇူးအများကြီး ကျေးဇူးတင်ပါတယ်။)

ဒါပေမယ့် လက်ရှိ အချက်အလက် ရေးသားပြုစုမှုကို အရင်ဆုံး တိုးတက်ကောင်းမွန်လာအောင် လုပ်ရဦးမှာပါ။ တကယ်လို့သာ ပုံတွေနဲ့ စာရင်းတွေကို markdown လုပ်လို့ရအောင် ခွဲထုတ်ပေးမယ်ဆိုရင် ဘာသာပြန်ဖို့ ပိုလွယ်သွားစေနိုင်တာကြောင့် အများကြီး အထောက်အကူ ဖြစ်မှာပါ။

ဒီလမ်းညွှန်တွေကို သုံးဖို့လိုလာလောက်တဲ့ ဒုက္ခတွေ မကြုံရစေဖို့ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပျော်ပျော်ရွှင်ရွှင် အသက်ရှင်အောင်‌ နေနိုင်ကြတာကတော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ဖြစ်လာနိုင်သမျှသော အခြေအနေတိုင်းအတွက် ပြင်ဆင်ထားရင်း တစ်ခုခု လေ့လာတတ်မြောက်ကြတာ ပျော်စရာကောင်းမှာပါ။

အသက်ရှည်ပါစေ၊ ကြီးပွားတိုးတက်ပါစေကြောင်း
